Monday, December 24, 2007

“ အချစ်ဒဿန ”

ချစ်သူ
စွန့်လွတ်ဖိှု့ဆုံးဖြတ်
ပြီးမှ အနေမတက်ခဲ့တာ
ငါ့အတ္တလား ?
မုန်းဖို့ ကြိုးစား
အဲ့ဒီလိုေ၀၀ါးနေချိန်မှာ
မုန်းမရခဲ့တာ
ငါ့အပြစ်လား
စက္ကန့်ဝက်မျှ မေ့မရပဲ
အယောင်ဆောင်ခြင်းအတက်
တက်ချင်ခဲ့တာ
ငါ့အတ္တလား
အများအမြင် တင့်ဖို့
ရင်ကော့ ခေါင်းမော့လို့
လောက အလယ်
လှမ်းနေဆဲမှာ
ငါ့နှလုံးသား ဗလာနတ္ထိ
မင်းဆီမှာပဲ ရှိနေခဲ့ပြီပေါ့
တကယ်တော့
ငါနဲ့ မင်းရဲ့
နှလုံးသား ရပ်ဝန်း
စစ်တလင်းမှာ
အချစ်ခြင်း ပြိုင်တော့
အနိုင်နဲ့ ပိုင်းခဲ့တဲ့ငါ
ငါလေ ……….
အခုတော့
ဟန်ဆောင်ခြင်းအတတ်
အဆုံးစွန်းထိ
တတ်ခဲ့ပြီပေါ့

No comments: