Monday, December 24, 2007

ထင်ကျန်ရစ်ဆဲ

ချစ်သူ

တွယ်တာမှု ဆိုတဲ့

သံယောဇဉ် နဲ့အတူ

ထားရှိခဲ့တဲ့ သစ္စာတရား

မင်းရှောင်ခွါသွားပေမယ့်

မပျက်ပြားသေးပါဘူးကွယ်

မင်းပေးတဲ့အချစ်

သြော် …..အစစ်ဟုတ်မဟုတ်မသိပေမယ့်

တသက်တာအတွက်ရည်းစူး

ငါလေ ……တကြိမ်သာချစ်ဖူးသူပါ

ငါပေးခဲ့တဲ့အချစ်

မေတ္တာစစ်မို့

မင်းအတွက် ရည်ရွယ်

မင်းပျော်မယ်ဆိုရင်လေ

ကျောခိုင်းသွားလဲ ကျေနပ်

ငါ….. နေတက်အောင်နေပါ့မယ်

မြတ်နှိုးမှုနဲ့ အတူ

သိပ်ကို ချစ်မိသူမို့

ငါ….ရင်ထဲမှာ

ဟို အရင်ကမင်းအချစ်

အိမ်မက်အဖြစ်

ထင်ကျန်ရစ်ဆဲ

လွမ်းနေမြဲလေ …….

No comments: